ကျွန်တော်အခုပေးမယ့် ဆော့စ်ဝဲလေးကတော့ ဒီလိုမျိုး website တွေကို ကိုယ့်ရဲ့ကလေးတွေ ကြည့်လို့မရအောင် ပိတ်ပေးမှာပါ။
အောက်ကပုံမှာ ကြည့်ကြည့်ပါ။
-sensitivity level မြင့်လေ ပိုပြီးတော့ လုံခြုံစွာပိတ်ထားနိုင်မှာပါ။ အောက်နားက Enable Webfilter ဆိုတာလေးကိုတော့ အမှန်ခြစ်ထားပေးရမှာပါ။
-ဒါမှ စိတ်မချရသေးဘူးထင်ရင်လည်း Blacklist ထဲမှာ add ကို နှိပ်ပြီး ကိုယ်ပိတ်ချင်တဲ့ ဆိုဒ်ကို ရိုက်ထည့်ပြီး ပိတ်လို့ရပါသေးတယ်။
-website တွေ ပိတ်ရုံပဲလားဆိုတော့ မဟုတ်ပါဘူး။
ဂိမ်းအရမ်းဆော့တဲ့ကလေးတွေအတွက်လည်း ဂိမ်းတွေကို ပိတ်ထားလို့ရပါသေးတယ်။ လုံးဝမပိတ်ထားချင်ရင်တောင် အချိန်နဲ့ သတ်မှတ်ထားပြီး ပိတ်လို့ရပါတယ်။ ဒီအချိန်ကနေ ဒီအချိန်အတွင်းမှာပဲ ဂိမ်းဆော့လို့ရမယ်ပေါ့။ (ကလေးတွေ သိရင်တော့ ဆဲတော့မယ်... :D )
-ဒီလိုမှမဟုတ်ပဲ ကွန်ပျူတာကို တစ်နေ့ကို ဘယ်နှစ်နာရီပဲ သုံးရမယ် ဆိုတာမျိုး၊ အင်တာနက်ကို ဘယ်အချိန်ကနေ ဘယ်အချိန်ပဲ သုံးရမယ်ဆိုတာမျိုးလည်း လုပ်ထားလို့ရပါသေးတယ်။
ကဲ လိုချင်ရင်တော့ အောက်မှာ ဒေါင်းပါနော်..... full version သုံးလို့ရအောင် patch ပါထည့်ပေးထားပါတယ်။
Patch ဖြည်တာလေး နည်းနည်းပြောပါရစေ။ ဒီဆော့ဝဲက Eye Protection ပါတဲ့အတွက် ဒီအတိုင်းတော့ သူ့ကို ရှာလို့ရမှာမဟုတ်ပါဘူး။ Folder Option ထဲသွားပြီး အောက်ကပုံလေးလို အရင်ပြောင်းပေးပါ။ ပြီးမှ ပုံမှန် Patch ဖြည်သလိုပဲ ဆက်လုပ်သွားလို့ရပါတယ်။ install လုပ်တာကနေ Patch ဖြည်တဲ့အထိကို အောက်မှာ video file လေး တင်ပေးလိုက်ပါတယ်။ ကြည့်ပြီး လိုက်လုပ်လို့ရပါတယ်။
Patch ဖြည်ပြီးရင်တော့ ဖြုတ်ခဲ့တဲ့ အမှန်ခြစ်လေးတွေ ပြန်ခြစ်ပေးထားဖို့ မမေ့နဲ့ဦးနော်.....
Watch Installation Guide Video

HEIN MYNN
***JUST SH@RING***