Play Games

mobile phone တွေကို ခြေရာခံပေးမယ့် Mobile tracker free (android)

ဒီ android application လေးကို ပေးသင့်မပေးသင့် စဉ်းစားနေတာတော်တော်ကြာသွားပါပြီ။ ကိုယ့်ကြောင့် ချစ်သူ သမီးရည်းစား၊ ဇနီးမောင်နှံတွေ ပြဿနာဖြစ်မှာကို မလိုလားတာကြောင့်ပါ။ ဒါပေမယ့် ဟိုတစ်ရက်က ဘတ်စ်ကားပေါ်မှာ ရ တန်း၊ ၈တန်းအရွယ် ကျောင်းသူလေးတစ်ယောက် မိုလ်ဘိုင်းဖုန်းလေးကိုင်ထားတာတွေ့လိုက်တော့ ကျွန်တော် ပေးမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဒီပို့စ်လေးကို ရေးဖြစ်ခဲ့တာပါ။ 

ဒီလိုမျိုး အလားတူ android application တွေ အများကြီး ကျွန်တော်စမ်းဖူးပါတယ်။ အများစုက ရောင်းတာပါ။ တစ်ပတ်၊ဆယ်ရက်ပဲပေးသုံးပါတယ်။ သူတို့က ပိုက်ဆံနဲ့ ပေးဝယ်ရတာဆိုတော့ ပိုတော့စုံတာပေါ့ဗျာ။ ဓါတ်ပုံတွေ၊ contact တွေပါ ကြည့်လို့ရပါတယ်။ အခုပေးမှာကတော့ freeware ပါ။ ရာသက်ပန်သုံးလို့ရပါတယ်။ 
mobile tracker ဆိုတဲ့ application လေးက နာမည်လေးအတိုင်းပါပဲ။ မိုလ်ဘိုင်းဖုန်းတွေကို ခြေရာခံပေးမှာပါ။ call log တွေ ကြည့်လို့ရမယ်။ sms တွေ ဖတ်လို့ရမယ်။ နောက်ဆုံး gps ဖွင့်ထားမယ်ဆိုရင် location ကိုပါ အတိအကျ သိနိုင်မှာပါ။ (gps မဖွင့်ထားရင်လည်း အနီးစပ်ဆုံး ဖော်ပြပေးပါတယ်။) Spy လုပ်ပေးတယ်ပေါ့ဗျာ။
ဒီတော့ ကိုယ့်သားသမီးတွေ ဘယ်သူနဲ့ ဖုန်းပြောတယ်။ ဘယ်သူတွေနဲ့ မက်ဆေ့တွေပို့နေတယ်ဆိုတာကို ကြည့်နိုင်ပြီးတော့ မဖြစ်သင့်တာ မဖြစ်အောင် အချိန်မီ ထိန်းသိမ်းနိုင်မှာပါ။ ချစ်သူ၊ သမီးရည်းစား၊ ဇနီးမောင်နှံတွေလည်း ကိုယ့်ချစ်သူ၊ ခင်ပွန်းသည်၊ ဇနီးမယား က ဘယ်သူတွေနဲ့ ဖုန်းပြောတယ်၊ မက်ဆေ့ပို့တယ်ဆိုတာကို သိနိုင်မှာပါ။ (ပြဿနာဖြစ်လာရင်တော့ အနော်နဲ့ မဆိုင်ဘူးနော်...:P)။

ကဲ...ဒီတော့ ဘယ်လိုသုံးမလဲ။ လွယ်လွယ်လေးပါ။ 

  • အောက်မှာပေးထားတဲ့ လင့်ခ်ကနေ application လေးကို ဒေါင်းလုဒ်လုပ်ပါ။ 
  • ပြီးရင် ကိုယ် spy လုပ်မယ့် ဖုန်းထဲကို install လုပ်ပေးပါ။ 
  • ပြီးရင်တော့ အကောင့်အသစ်ဆောက်ပေးရပါမယ်။ 
  • ကိုယ့်ရဲ့ gmail ရယ် password ရယ်ကို ထည့်ပြီး အကောင့်ဆောက်ပေးပါ။ 
  • ပြီးရင်တော့ setting ကတော့ ကြိုက်သလိုချိန်ပေါ့။ 
  • application ကိုဖျောက်ထားမလား။ 
  • ဘယ်နှစ်မိနစ်တစ်ခါ သတင်းပို့မလဲ။ 
  • location ကော ကြည့်မှာလား။ 
  • ဒါတော့ မိမိစိတ်ကြိုက် ပြောင်းပါ။ 
  • အားလုံးပြီးပြီဆိုရင်တော့ ဒီကို သွားပါ။ 
  • ခုနက အကောင့်ဆောက်ထားတဲ့အတိုင်း log in ဝင်ပါ။ 

ဒါဆိုရင်တော့ ကြည့်လို့ရပါပြီ။
အော်....အရေးကြီးတာ ပြောဖို့ကျန်သွားတယ်။ ကိုယ့် spy လုပ်မယ့်ဖုန်းက internet connection ရှိဖို့တော့ လိုပါတယ်။
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေတာရှိခဲ့ရင်လည်း ပြောခဲ့ပါခင်ဗျာ။
         HEIN MYNN
***JUST SH@RING***