Play Games

software မသုံးပဲ folder တွေကို ဖျောက်ထားမယ်

သိပြီးတဲ့လူတွေလည်း သိမှာပါ။ မသိသေးတဲ့လူတွေအတွက်ပါ။
နည်းလမ်းလေးကတော့ တစ်ကယ့်ကို လွယ်လွယ်လေးပါ။ တစ်ချို့လည်း သိပေမယ့် သတိမထားမိတာလည်း ဖြစ်ချင်ဖြစ်မှာပါ။

အရင်ဆုံး desktop ပေါ်မှာ folder အသစ်တစ်ခုဆောက်လိုက်ပါ။

အဆင့်(၁) ကတော့ folder icon လေးကို ဖျောက်မှာပါ။ 
right click >>> properties ကနေ customize tab ကိုသွားပါ။ Change icon ကို နှိပ်ပါ။ ပုံမှာပြထားတဲ့အတိုင်း ဘာမှမပါတဲ့ icon အလွတ်လေးကို ကလစ်ပါ။ Ok ကိုနှိပ်ပါ။
ဒါဆိုရင် folder လေးပျောက်သွားပါပြီ။ 
ဒါပေမယ့် အောက်မှာ folder name က ကျန်နေပါသေးတယ်။ 

အခု အဆင့် (၂) အနေနဲ့ folder name ကို ဖျောက်ပါမယ်။
folder ကို right click>>>rename၊ ပြီးရင် Alt ရယ် numpad က 255 ရယ်ကို နှိပ်ပါ။ ဒါဆိုရင် folder လေး ပျောက်သွားပါပြီ။ folder ပေါ်ကို mouse လေးတင်ကြည့်မှ ရှိမှန်းသိပါလိမ်မယ်။

(တစ်ချို့လက်တော့ပ်တွေမှာ numpad မပါပါဝူး။ ဒီတော့ ဘယ်လိုလုပ်မလဲ။ စိတ်မပူပါနဲ့။
အဆင့်(၂)ကို မစခင် win+r ကိုနှိပ်ပါ။ run box တက်လာရင် charmap လို့ရိုက်ပြီး enter ခေါက်ပါ။

ပုံမှာပြထားတဲ့အတိုင်း ဘာမှမပါတဲ့အကွက်လေးကို နှိပ်ပါ။ ညာဖက်ထောင့်က copy ကိုနှိပ်ပါ။ပြီးရင် folder ကို right click>>>rename၊ Ctrl+V ကိုနှိပ်လိုက်ရင် ရပါပြီ။)

Post a Comment

0 Comments