အခု မြန်မာနိုင်ငံမှာ နိုင်ငံတကာ ပညာရေးကို စိတ်ဝင်စားတဲ့လူတွေ တစ်နေ့တစ်ခြား များလာတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာ လိုင်းကောင်းကောင်းကို တက်ဖို့ အမှတ်မမှီသူတွေ၊ ကိုယ်တက်ချင်တဲ့လိုင်းက ပြည်တွင်းမှာ ဖြစ်ဖြစ်မြောက်မြောက် မသင်ပေးနိုင်တာတွေ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်ပိုင်းအတွင်းမှာ နိုင်ငံတကာ ပညာရေးကို စိတ်ဝင်စားသူများလာကြပါတယ်။ ဒါပေမယ့် အခက်အခဲ တစ်ခုက နိုင်ငံတစ်ကာ ပညာရေးကို ပြည်တွင်းမှာ တက်မယ်ဆိုရင် ပထမဆုံး ရင်ဆိုင်ရမှာက ကျောင်းလခကြီးမြင့်မှုပါ။ တတ်နိုင်သူများအတွက် မပြောပလောက်ပေမယ့် မတတ်နိုင်သူများအတွက်ကတော့ ရွှေပြည်တော် မျှော်လေတိုင်းဝေးနေပါတယ်။ ဒုတိယအချက် စဉ်းစားရမှာက သင်ကြားပေးမယ့် ဆရာ၊ဆရာမတွေရဲ့ အရည်အချင်းပြည့်ဝမှုပါ။ တတိယအချက်ကတော့ သင်ကြားမှုပုံစံပေါ့။ နိုင်ငံတစ်ကာမှာ သင်ကြားနေတဲ့ သင်ကြားရေးစနစ်အတိုင်းသင်ကြားပေးနိုင်ပါ့မလားပေါ့။ စဉ်းစားစရာအချက်များစွာ၊ အခက်အခဲများစွာရှိပါတယ်။ဒါပေမယ့် စိတ်မပျက်ကြပါနဲ့။
ယခု အွန်လိုင်းပေါ်မှာတင် နိုင်ငံတစ်ကာက နာမည်ကြီးကျောင်းတွေရဲ့ ပညာရေးကို လေ့လာလို့ရပါပြီ။ လုံးဝ "အခမဲ့"ပါ။ အခုပဲ ဝင်ကြည့်လိုက်ပါ။ video ဖိုင် လိုချင်လား။ pdf လား။ Note ယူမလား။ အကုန် free ပါ။ အဲ...နိုင်ငံတကာ ကျောင်းတွေဆိုတော့ အင်္ဂလိပ်လို အနည်းအကျဉ်းတတ်ဖို့တော့ လိုတာပေါ့။
Science, engineering, art, economics, law, language အစရှိသဖြင့် ပညာရပ်တွေကလည်း စုံပါတယ်။ ဝင်ပြီးတော့ လေ့လာကြည့်ပါဦး။ တစ်ခုခု အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
➤ Udacity / Free interactive College Classes
➤ Open Yale Courses / Freely Downloadable
➤ Coursera Free Online Courses
➤ ALISON Database / Free Online Diplomas
➤ Khan Academy / Free Online Education
➤ Johns Hopkins OpenCourseWare
➤ Academic Earth Free Online Courses
➤ UC Berkeley Free Online Lectures
➤ Open University LearningSpace
➤ Carnegie Mellon Open Learning Initiative
➤ University of Washington Video Lectures
➤ Tufts OpenCourseWare
➤ UC San Diego Podcast Lectures
➤ AMSER (Applied Math and Science Education Repository)
➤ Utah State OpenCourseWare
➤ Free Video Lectures.com
➤ How-Stuff-Works / Free Online Science-Related Courses
➤ Wolfram Demonstrations Project
➤ Free Science and Video Lectures Online!
➤ LearningScience.org
➤ Science.gov Databases
➤ Connexions - Open-Content Library
➤ Sophia Free Online Courses
➤ Honorable Mention: Peoi.org
For More links
Credit to:ရိုးရာလေး ပညာရေး
Info Tech For Myanmar (IT4M) မှ ကူးယူဖော်ပြပါသည်။
0 Comments
အကြံပေးလိုတာ၊ တောင်းဆိုချင်တာရှိလျှင် ရေးခဲ့နိုင်ပါတယ်ခင်ဗျာ။