Play Games

Root လုပ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

Android device တွေ ကိုင်ဆောင်သူတိုင်း root ဆိုတဲ့စကားနဲ့ ရင်းနှီးကြမယ်ထင်ပါတယ်။ Root လုပ်ခြင်းဖြင့် android device ရဲ့ system ပိုင်းထဲထိ ဝင်ရောက်ပြင်ဆင်ခွင့်ကို ရရှိမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ device ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ကန့်သတ်ထားတဲ့အချက်တွေကို ကျော်လွှားဖို့အတွက်လည်း Root လုပ်ကြပါတယ်။ ဟိုးအရင်ကဆိုရင် android device အားလုံးနီးပါးဟာ Root ပြုလုပ်မှသာ မြန်မာစာကို မြင်နိုင်တဲ့အတွက် အများစုဟာ root လုပ်ကြတာများပါတယ်။ အခုတော့ device တော်တော်များများမှာ မြန်မာဖောင့်ဟာ Root လုပ်စရာမလိုဘဲ ထည့်သွင်းလို့ရနေပါပြီ။

Root လုပ်ခြင်းရဲ့ ကောင်းကျိုးများ

၁။ Custom Softwares( ROMs)
Root ပြုလုပ်ခြင်းဖြင့် ကိုယ့်ရဲ့ device ကို Custom ROMs တွေနဲ့ သွင်ပြင်၊ လုပ်ဆောင်ချက် အားလုံးကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။

၂။ Some Useful Softwares
တစ်ချို့သော အသုံးဝင် ဆော့ဝဲတွေဟာ Root Access ရှိဖို့ လိုအပ်ပါတယ်။ ဥပမာ ဂိမ်းထဲက ပိုက်ဆံတွေခိုးတဲ့ Game Hacker လိုဆော့ဝဲမျိုး၊ Viber Stickers တွေခိုးတဲ့ freedom လိုဆော့ဝဲမျိုး၊ recording လုပ်တဲ့ app မှာ ဆိုရင်တောင် root access ရတဲ့ app က အသံပိုကြည်လင်ပြတ်သားစွာ record လုပ်ပေးနိုင်ပါတယ်။

၃။ Internal Memory
Model မြင့် ဟန်းဆက်တွေအတွက် မသိသာပေမယ့် Model နိမ့် ဟန်းဆက်တွေမှာ internal memory က ပြဿနာတစ်ခုပါပဲ။ Built in ပါတဲ့ ကိုယ့်အတွက်လည်း အသုံးမဝင်တဲ့ app တွေကို Root ပြုလုပ်ထားမယ်ဆိုရင် uninstall လုပ်လို့ရမှာဖြစ်တဲ့အတွက် internal memory ကို တိုးစေမှာပါ။

ဘယ်အရာမဆို အကောင်းရှိသလို အဆိုးလည်း ရှိပါတယ်။ Root ပြုလုပ်ခြင်းဖြင့် အပေါ်က ကောင်းကျိုးတွေ ရနိုင်သလို အောက်က ဆိုးကျိုးတွေလည်း ရနိုင်ပါသေးတယ်။

Root ပြုလုပ်ခြင်း၏ ဆိုးကျိုးများ

၁။ Warranty
ပထမဆုံးအချက်ကတော့ Root ပြုလုပ်လိုက်တာနဲ့ warranty ပျက်မှာပါ။

၂။ Bricking
Bricking ဆိုတာကတော့ ကိုယ်ရဲ့စက်ဟာ Brick(အုတ်ခဲ)တစ်လုံးလို ဘာမှ သုံးစားမရဖြစ်သွားစေတာပါ။ Touch screen, button ဘာမှ အလုပ်မလုပ်တော့ပါဘူး။

၃။ Virus
Root လုပ်လိုက်တာနဲ့ မလိုလားအပ်တဲ့ virus တွေ၊ malware တွေ ဝင်ရောက်နိုင်ပါတယ်။ ကိုယ်မလိုချင်တဲ့ features တွေကို ကိုယ်တောင် မသိဘဲနဲ့ install လုပ်ပြီး ဖြစ်နေတတ်ပါတယ်။
______________*_*_*_*_*_____________________________
ဘယ်အရာမဆို အကောင်းနဲ့ အဆိုးကတော့ ဒွန်တွဲနေတတ်ပါတယ်။ Root မလုပ်ခင်မှာ ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်ပြီးတော့ ဆုံးဖြတ်ပါ။
Ref: Hitech Gyan

         HEIN MYNN
***JUST SH@RING***