ကျွန်တော်တို့ private file တွေကို ဖွက်တဲ့အခါမှာ နည်းလမ်းအမျိုးမျိုးကို သုံးကြပါတယ်။ တစ်ချို့က folder lock လို ဆော့စ်ဝဲမျိုးကို သုံးကြသလို တစ်ချို့ကလည်း batch ဖိုင်လေးတွေ ရေးပြီးတော့ ဖွက်ကြပါတယ်။
အခုနည်းလမ်းလေးကတော့ ဓါတ်ပုံထဲမှာ ဖွက်မှာပါ။ ဖွင့်လိုက်ရင် ဓါတ်ပုံပဲပွင့်လာပါတယ်။
နည်းလမ်းလေးကတော့......
အဆင့်(၁)။ ။ ကိုယ်ဖွက်မယ့်ဖိုင်တွေကို winrar နဲ့ rar ဖိုင်လေးလုပ်ပါမယ်။
((((rar ဖိုင်လုပ်ဖို့ winrar ဆိုတဲ့ ဆော့စ်ဝဲရှိရပါမယ်။ကိုယ်ဖွက်မယ့်ဖိုင်အားလုံးကို select လုပ်ပြီး right click ကို နှိပ်ပါ။ "add to FileName.rar" ကို ရွေးပါ။ FileName ကတော့ တစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ပါဘူး။ဒါဆို rar ဖိုင်ရပါပြီ။))))
အဆင့်(၂)။ ။ Folder အသစ်တစ်ခု ဆောက်ပါ။ ရလာတဲ့ rar ဖိုင်ရယ် ဓါတ်ပုံလေးတစ်ပုံရယ်ကို ဆောက်ထားတဲ့ Folder ထဲထည့်ပါ။
အဆင့်(၃)။ ။ ခုနက Folder ကိုဖွင့်ပါ။ Shift ကိုဖိထားပြီးတော့ right click နှိပ်ပါ။ open command window here ကို ရွေးပါ။ command prompt တက်လာပါမယ်။
((((နောက်တစ်နည်းကတော့ window ရယ် R ရယ်ကို နှိပ်ပါ။ Run Box တက်လာရင် cmd ရိုက်ပြီး enter နှိပ်ပါ။ command prompt တက်လာရင် Folder ဆောက်ထားတဲ့ လမ်းကြောင်းကို ရွေးပေးပါ။ ဥပမာ ကျွန်တော်တို့ Folder ကို desktop ပေါ်မှာ aa ဆိုတဲ့ နာမည်နဲ့ ဆောက်ထားတယ် ဆိုပါစို့.......command prompt မှာ cd /d C:\Users\username\Desktop\aa ရိုက်ပြီး enter ခေါက်ပါ။username က ကိုယ့်ရဲ့ username ကိုရိုက်ရမှာပါ။))))
အဆင့်(၄)။ ။ command prompt မှာ copy /b Image.jpg+Secret.rar FileName.jpg ကိုရိုက်ပါ။ ဒီနေရာမှာ Image နေရာမှာ ဓါတ်ပုံရဲ့ name၊ Secret နေရာမှာ rar ဖိုင်ရဲ့ name၊ FileName ကတော့ ကြိုက်တာပေးပါ။
ဒါဆိုရင်တော့ ဖိုင်လေးတွေဖွက်ထားတဲ့ ပုံလေးရပါပြီ။
*****Important*****
အရေးကြီးတဲ့အချက်ကတော့ ဖွက်ပြီးသွားရင် ဖိုင်တွေကို ဖျက်မပစ်ပါနဲ့ဦး။ပြန်ဖြည်လို့ ရမရ အရင် စမ်းကြည့်ပါဦး။ တစ်ခါတစ်လေ error တက်တတ်လို့ပါ။အပေါ်က အဆင့်တွေအတိုင်း အတိအကျလုပ်ရင်တော့ error မတက်ပါဘူး။ space ကအစ အတိအကျ ရိုက်ပါ။
ပြန်ဖြည်မယ်ဆိုရင်ကော ဘယ်လိုဖြည်ကြမလဲ။
.
.
.
.
.
.
.
.
.
.
.
.
.
တိဝူးလေ...
စတာပါ ဟဲဟဲ
ပြန်ဖြည်မယ်ဆိုရင်တော့ ဖြည်မယ့် ဓါတ်ပုံလေးကို right click >>> open with >>> winrar ကို ရွေးလိုက်ရင် ရပါပြီ။
တစ်ခါတစ်လေ error တက်တတ်ပါတယ်။ error တက်ရင်တော့ ထွက်လာတဲ့ဖိုင်လေးကို ဖျက်ပြီးတော့ နောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ။ ရပါလိမ့်မယ်။
အဆင်မပြေတာရှိရင် ပြန်ပြောပါ။
0 Comments
အကြံပေးလိုတာ၊ တောင်းဆိုချင်တာရှိလျှင် ရေးခဲ့နိုင်ပါတယ်ခင်ဗျာ။