ပထမဆုံး ကြိုတင်ပြောချင်တာက ဒီပို့စ်ဟာ Ooredoo ကောင်းသည်၊ ဆိုးသည် ပြောလိုရင်းမဟုတ်ပါ။ Ooredoo မှ ပေးထားသော ဝန်ဆောင်မှုများအကြောင်းသာ ကျွန်တော်သိသလောက် ပြန်ရှင်းပြခြင်းဖြစ်ပါတယ်။
ဒီပို့စ်ဟာ Ooredoo ဖုန်းကိုသုံးစွဲနေတဲ့ နည်းပညာအကြောင်း နားမလည်သူများအတွက် ရည်ရွယ်ပါတယ်။

1. Call Me Back (free)
    ကိုယ့်ဆီဖုန်းပြန်ခေါ်ဖို့ sms ပို့ပြီး အကြောင်းကြားပေးတာပါ။
 Missed Call ပေးတာနဲ့ ဆင်တူပါတယ်။ ကွာတာကတော့ Missed Call ပေးဖို့ ကိုယ့်ဖုန်းမှာ ငွေရှိဖို့လိုပေမယ့် Call Me Back ကို သုံးမယ်ဆိုရင်တော့ ငွေရှိဖို့ မလိုပါဘူး။
အသုံးပြုမယ်ဆိုရင်တော့ *122*ပြန်ခေါ်စေလိုသောဖုန်းနံပါတ်# နဲ့ အသုံးပြုနိုင်ပါတယ်။

2. Need Balance? (free)
    သူငယ်ချင်း၊ အသိမိတ်ဆွေတစ်ယောက်ဆီက ပိုက်ဆံလှမ်းဖြည့်ပေးဖို့ တောင်းဆိုတာပါ။
သုံးမယ်ဆိုရင်တော့ *126*Number*Amount# နဲ့ အသုံးပြုနိုင်ပါတယ်။

3. Help Friends (100kyats/transfer)
   Need Balance နဲ့ ကိုယ့်ဆီအကူအညီတောင်းလာခဲ့ရင် ပြန်ပို့ပေးလို့ရတဲ့ ကုတ်လေးပါ။ တစ်ခြားတစ်ယောက်ကို ငွေလွှဲတဲ့အခါမျိုးမှာ သုံးပါတယ်။ *155*Amount*Number# နဲ့ အသုံးပြုနိုင်ပါတယ်။ ငွေတစ်ခါလွှဲရင် ၁၀၀ ကျပ် ဖြတ်ပါတယ်။

4. Voice Mail (free)
   ကိုယ့်ဆီဖုန်းခေါ်တဲ့အခါ ကိုယ်ကမသိလိုက်တာမျိုး၊ ဒါမှမဟုတ် ကိုင်လို့မရတဲ့အခြေအနေဖြစ်နေတာမျိုးမှာ တစ်ဖက်လူက အသံချန်ထားလို့ရပါတယ်။ *61*3131# နဲ့ free activate လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အသံချန်ထားမယ့်တစ်ဖက်လူကတော့ ကိုယ်အသုံးပြုတဲ့မိနစ်အလိုက် ပေးရပါတယ်။

5. Voice SMS (20 kyats/ 20sec)
   text sms လိုစာသားမဟုတ်ပဲ အသံပို့ချင်တယ်ဆိုရင်တော့ ကိုယ်ပို့မယ့်ဖုန်းနံပါတ်ရှေ့မှာ * ခံပြီး Call ကိုနှိပ်၍ ပို့နိုင်ပါတယ်။ စက္ကန့် ၂၀ အတွက် ၂၀ ကျပ် ကျပါမယ်။

6. CLIR or Private Number or Hide Number (2500 kyats/month)
   ဒီ service ကိုသုံးမယ်ဆိုရင်တော့ တစ်လကို 2500 ကျပ်ဖြတ်ပါတယ်။ ကိုယ်ခေါ်လိုက်တဲ့တစ်ဖက်လူမှာ ကိုယ့်နံပါတ်မပေါ်ပဲ No Caller ID, Private Number သာ ပေါ်ပါမယ်။ *311# ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။  ဒီ service ကို activate လုပ်ထားမယ်ဆိုရင် ခေါ်သမျှဖုန်းတိုင်း တစ်ဖက်မှာ ပေါ်မှာ မဟုတ်ပါဘူး။ တကယ်လို့ ပေါ်စေချင်တယ်ဆိုရင်တော့ *31#Number နဲ့ ခေါ်ရပါမယ်။ မသုံးချင်တော့လို့ ပြန်ဖျက်ချင်တယ်ဆိုရင်တော့ *311*0# နဲ့ ပြန်ဖျက်နိုင်ပါတယ်။

Ooredoo ဖုန်းသုံးနေသောသူများ တန်အောင်သုံးစေလိုသော ရည်ရွယ်ချက်နဲ့ မျှဝေပေးပါတယ်။
မှတ်ချက်။  ။ Ooredoo နှင့် ကျွန်တော် ဘာမှ မပတ်သက်ပါကြောင်း :D
         HEIN MYNN
***JUST SH@RING***