Play Games

Web Page တွေကို pdf နဲ့ သိမ်းမယ်

ကျွန်တော်တို့ တစ်ခါတစ်လေ သဘောကျတဲ့ Web Page လေးတွေ တွေ့လို့ သိမ်းထားချင်တဲ့အခါမှာ right click >>> save page as နဲ့ သိမ်းကြပါတယ်။ အဲလိုသိမ်းတဲ့အခါမှာ web page က တစ်ခု အဲဒီ page မှာပါတဲ့ ပုံတွေ တစ်ခြား source တွေကို folder နဲ့ သက်သက်တစ်ခု ထွက်လာပါတယ်။ သိမ်းတဲ့အခါမှာ နှစ်ခုလုံးသိမ်းရပါတယ်။ folder ကိုဖျက်ပစ်ရင် web page မှာ ပါတဲ့ ပုံတွေ မမြင်ရတော့ပါဘူး။

အခုပြောမယ့် ဆော့ဝဲလေးက web page ကို pdf နဲ့ သိမ်းထားလို့ရပါတယ်။ သိမ်းရတာ သပ်သပ်ရပ်ရပ်ရှိတာပေါ့ဗျာ။ web page တင်မကပါဘူး။
notepad မှာ ရေးထားတဲ့ အကြောင်းအရာလေးတွေ ပြီးတော့ microsoft word နဲ့ ရေးထားတဲ့ အကြောင်းအရာလေးတွေကိုလည်း ဒီဆော့ဝဲလေးနဲ့ pdf ဖိုင်ပြောင်းလို့ရပါတယ်။

ဒေါင်းချင်တယ်ဆိုရင်တော့ မူရင်း ဝဘ်ဆိုဒ်မှာ ဝင်ဒေါင်းလို့ရပါတယ်။ ဖိုင်ဆိုဒ်ကလည်း 4 Mb လောက်ပဲ ရှိပါတယ်။



install လုပ်ပြီးရင် သိမ်းထားချင်တဲ့ web page ကိုဖွင့်ပါ။ Crtl + P ကိုနှိပ်ပါ။ printer နေရာမှာ dopdf ကို ရွေးပါ။ သိမ်းမယ့်နေရာရွေးပြီး print ထုတ်လိုက်ရင် pdf ဖိုင်လေး ရပါပီ။

အဆင်ပြေပါစေ။

HEIN MYNN

JUST SH@RING