Play Games

Malware & Malware Security

Malware ဆိုတာ ဘာလဲ။
    Malware ဆိုတာ malicious software ရဲ့ အတိုကောက်ပါ။ software တွေ program တွေကတစ်ဆင့် ပျံ့နှံ့တဲ့ ကွန်ပျူတာဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ malware တွေကို ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေဖို့အတွက် ဖန်တီးပြုလုပ်ထားကြပါတယ်။

Malware က ဘာလုပ်နိုင်လဲ။
    Malware တစ်ခုဟာ စက်ထဲရောက်ပြီဆိုတာနဲ့ သူ့ကို ဖန်တီးပြုလုပ်ထားတဲ့ပုံစံပေါ်မူတည်ပြီးတော့ data တွေကို ဖျက်ဆီးပစ်နိုင်သလို မိမိစက်ထဲမှာရှိတဲ့ private information တွေဖြစ်တဲ့ password တွေ၊ browser ရဲ့ cookies တွေကို ခိုးယူနိုင်ပါတယ်။ သင့်စက်ထဲမှာ malware တစ်ခုရှိနေပြီဆိုရင် သင့်သူငယ်ချင်းတွေ၊ သင့်ရဲ့ email contacts ထဲမှာရှိတဲ့လူတွေဆီကို ပျံနှံ့ဖို့ ရာခိုင်နှုန်းတော်တော်များသွားပါပြီ။
     တစ်ချို့သော malware တွေဟာ စိတ်အနှောင့်အယှက်ပေးဖို့ သက်သက်ဖန်တီးထားတာဖြစ်ပြီးတော့ အများစုကတော့ data တွေခိုးယူဖို့နဲ့ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ဖန်တီးထားကြတာပါ။
     malware အများစုဟာ အင်တာနက် ဝဘ်ဆိုဒ်တွေနဲ့ အီးမေးလ်တွေကတစ်ဆင့် ပျံ့နှံ့ကြသလို USB stick တွေ၊ အခုဆိုရင် သင့်ရဲ့ mobile device တွေကနေတောင် ပျံနှံ့နေကြပါပြီ။

ကဲ....ဒီတော့
Malware ရန်ကနေ ဘယ်လို ကာကွယ်ကြမလဲ။

၁။ file sharing software တွေဖြစ်တဲ့ Kazaa တို့ Bear Share တို့ကို မသုံးပါနဲ့။ ဒီဆော့ဝဲတွေကနေတစ်ဆင့် သင့်ရဲ့ information တွေကို အလွယ်တကူ ခိုးယူသွားနိုင်ပါတယ်။

၂။ administrator အကောင့်ကို နေ့စဉ်အသုံးမပြုပါနဲ့။ malware အများစုဟာ Administrative Rights ရှိမှ အလုပ်လုပ်ကြတာပါ။ ဒါကြောင့် နေ့စဉ်အသုံးပြုဖို့အတွက် normal user အကောင့်တစ်ခု ပြုလုပ်ပြီး အသုံးပြုပါ။

၃။ UAC ( User Access Control) ကို disable မလုပ်ပါနဲ့။ တော်တော်များများကတော့ UAC ကို disable လုပ်ပြီးသုံးကြပါတယ်။ ဆော့ဝဲတွေ သွင်းတဲ့အခါ ပြန်ဖြုတ်တဲ့အခါမှာ yes နှိပ်နှိပ်ပေးရတာ အလုပ်ရှုပ်လို့ပါ။ ဒါပေမယ့် ကိုယ့်စက်ကလေးရဲ့ လုံခြုံရေးအတွက် UAC ကို enable လုပ်ထားသင့်ပါတယ်။

၄။ AntiVirus ဆော့ဝဲကောင်းကောင်းလေးတစ်ခု သွင်းထားပြီးတော့ အမြဲတမ်း update လုပ်ထားသင့်ပါတယ်။ အများစုက Antivirus တွေ သွင်းထားပေမယ့် update မလုပ်ကြပါဘူး။ မြန်မာနိုင်ငံရဲ့ connection အနေအထားကြောင့်ရော pirate version တွေ အသုံးပြုနေတာကြောင့်ရော update လုပ်ဖို့ အခက်အခဲ ရှိပါတယ်။ pirate version တွေကြောင့် update မလုပ်ဖြစ်သူများအတွက်ကတော့ microsoft က free ပေးတဲ့ MSE (Microsoft Security Essential) ကို အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။ connection မကောင်းသူများအတွက်ကတော့ MPT ကိုသာ အပြစ်တင်ကြပါတော့။ ဘာကြောင့်ပဲဖြစ်ဖြစ် Antivirus ကိုတော့ အနည်းဆုံး တစ်ပတ်တစ်ခါတော့ update အမြဲလုပ်သင့်ပါတယ်။

၅။ software တွေ install လုပ်တဲ့အခါမှာ ဂရုစိုက်သင့်ပါတယ်။ free ရတဲ့ software အများစုဟာ သင့်ရဲ့ browser ထဲကို မလိုလားအပ်တဲ့ toolbar တွေကို ပစ်သွင်းတတ်ကြပါတယ်။ ဒါကြောင့် Next, Next, Next, Next, Finish ဆိုတဲ့ သုံးနေကျ procedure ကို မသုံးပါနဲ့။အဆင့်တစ်ဆင့်ချင်းစီကို သေချာဖတ်ပါ။ toolbar တွေဟာ malware မဟုတ်ပေမယ့် သင့်ကိုတော့ စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။

၆။ ဒီအဆင့်ကတော့ ပြောရမှာ ခပ်လန့်လန့်ပဲ။ ဖတ်ပြီးတော့ ဆဲတော့မဆဲလိုက်ပါနဲ့နော်...:P ။
malware တွေကို ရှောင်ရှားဖို့ဆိုရင်တော့ Window OS ကို မသုံးပါနဲ့။ Linux OS ကို ပြောင်းသုံးကြည့်ပါ။ Window လိုပဲ သုံးရတာ အဆင်ပြေပြီးတော့ malware လည်း မဝင်နိုင်ပါဘူး။ Linux ကို အရင်က မသုံးဖူးဘူးဆိုရင်တော့ Ubuntu Linux ကို စသုံးကြည့်ဖို့ အကြံပေးလိုပါတယ်။

၇။ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အင်တာနက် website တွေမှာ link တွေ တွေ့တိုင်းမနှိပ်ပါနဲ့။ link ကို share တဲ့လူဟာ ကိုယ်အယုံကြည်ရဆုံးလူဖြစ်နေရင်တောင် အရင်ဆုံး online link scanner တစ်ခုခုနဲ့ စစ်ကြည့်ပြီး စိတ်ချရပြီဆိုတော့မှ နှိပ်ပါ။

Online Link Scanner
https://www.virustotal.com/en/#url
http://www.avg.com.au/resources/web-page-scanner/
http://onlinelinkscan.com/
http://scanurl.net/

Ref: Hacking Articles
         HEIN MYNN
***Sharing is our Aim***

Post a Comment

0 Comments