လုပ်ရတာလည်း လွယ်၊ အပျင်းလည်း ပြေစေမယ့် code လေးတွေပါ။ အောက်မှာ အနီရောင်နဲ့ ပေးထားတဲ့ ကုဒ်လေးတွေကို notepad ထဲကို ကော်ပီကူး။ ပြီးရင် သိမ်းမယ်ဆိုရင် Save as type မှာ All files ကိုပြောင်း။ filename.vbs နဲ့ သိမ်း။ ပြီးရင် run ကြည့်ပါ။ လွယ်တယ်နော်...ဟဲဟဲ။ ကဲ ကြည့်လိုက်ရအောင်ဗျာ။
ပထမဆုံး အနေနဲ့ CD drive ကို ခလုတ်နှိပ်စရာ မလို၊ right click>>> Eject လုပ်စရာမလိုဘဲ ကလစ်နှိပ်ရုံနဲ့ ပွင့်အောင် လုပ်ကြည့်မယ်ဗျာ။
အောက်မှာ ပေးထားတဲ့ ကုဒ်လေးတွေကို ကူးပြီး .vbs နဲ့ save လိုက်ပါ။ filename ကတော့ ကြိုက်တာပေးပေါ့ဗျာ...cdopen.vbs ပဲဖြစ်ဖြစ်ပေါ့။ အလွယ်တကူနှိပ်လို့ရအောင် desktop ပေါ်တင်ထားပေါ့။ ပြီးရင် run ကြည့်လိုက်ပါ။ CD drive လေး သူ့အလိုလို ပွင့်လာတာကို တွေ့ရမှာပါ။
Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 1
loop
နောက်တစ်ခု ထပ်စမ်းကြည့်ရအောင်ဗျာ။
အောက်ကကုဒ်လေးတွေကို notepad ထဲကို ကော်ပီကူးပြီးတော့ ထုံးစံအတိုင်းပဲ .vbs နဲ့ save လိုက်ပါ။
(***Your Name နေရာမှာ ကိုယ့်နာမည်ကို ကိုယ်ထည့်ပါ***)
MsgBox "Hello Your Name"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop
ပြီးရင် run ကြည့်လိုက်ပါ။ ဒီကောင်လေးကို run ထားပြီးတော့ တစ်နေရာရာမှာ စာရေးကြည့်ပါ။ အရမ်းအံ့ဩဖို့ကောင်းတာကို တွေ့ရမှာပါ။
ဒီလောက်ဆိုရင် အပျင်းပြေလောက်ပြီထင်ပါတယ်။
ဘာ.................
ပြန်ပိတ်ချင်တယ်....ဟုတ်လား။ တိဝူးလေ။ တားက run ပဲ run တတ်တာ။ ပိတ်တတ်ဝူး။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ဟီး ........ စတာပါ။ ပြန်ပိတ်ချင်တယ်ဆိုရင်တော့ task manager ခေါ်ပြီးတော့ processes ဆိုတဲ့ tab ကိုသွားပါ။ ပြီးရင် wscript.exe ကို ရှာပြီး end process လုပ်လိုက်ပါ။ (window 8 မှာဆိုရင်တော့ Microsoft ® Windows Based Script Host တွေအကုန်လုံးကိုရှာပြီး end process လုပ်လိုက်ပါ။)
တစ်လက်စတည်း CD drive ကို ဖွင့်လို့ရမယ့် code လေးပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ အမှန်အကန်ပါ။
အောက်ကအစိမ်းရောင်နဲ့ ပေးထားတဲ့ ကုဒ်တွေကို notepad ထဲကို ကော်ပီကူးပါ။ Save as type မှာ all files ကို ရွေးပြီး cdopen.vbs နဲ့ save ပါ။ ဒါဆို CD drive ကို ကလစ်နှိပ်ပြီးတော့ ဖွင့်လို့ရပါပြီ။
Set oWMP = CreateObject("WMPlayer.OCX.7" )
Set colCDROMs = oWMP.cdromCollection
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next ' cdrom
End If
အားလုံးပဲ ညစ်နေတာတွေပျောက်ပြီး ပျော်ရွှင်ကြပါစေ။
HEIN MYNN
***Sharing is our Aim***
0 Comments
အကြံပေးလိုတာ၊ တောင်းဆိုချင်တာရှိလျှင် ရေးခဲ့နိုင်ပါတယ်ခင်ဗျာ။