Play Games

Android ဖုန်းတွေမှာ google account ဝင်လို့မရတဲ့ ပြဿနာဖြေရှင်းနည်း

ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးတော့ တော်တော် ခေါင်းစားခဲ့ရတဲ့ ကိစ္စပေါ့ဗျာ။ google account ဝင်မရတော့ gmail, gtalk (hangouts), playstore အစရှိတဲ့ google service တွေ တစ်ခုမှ သုံးမရတော့ဘူးပေါ့။ ထုံးစံအတိုင်း ကျွန်တော့်ရဲ့ လက်ဦးဆရာ google ကို မေးတော့မှပဲ အဖြေရတော့တယ်။
ဖြစ်ပုံကတော့ ဒီလိုပါ။ အောက်ကပုံအတိုင်း google account ဝင်ရင် Can't establish a reliable data connection ဘာညာပေါ့ဗျာ တက်လာပြီးတော့ ဘယ်လိုမှ ဝင်လို့မရပါဘူး။

နောက်ဆုံး အကြံကုန်တော့ ဂဠုန်ဆားချက်တဲ့အနေနဲ့ factory reset ချပလိုက်ပါတယ်။ ဒါလည်း မရပါဘူး။ တော်တော်လေး စိတ်ပျက်သွားပါတယ်။ အစကထင်လိုက်တာက ကျွန်တော်ဖုန်းက Huawei ဆိုတော့ နဂို google apps တွေ မပါပါဘူး။ ကိုယ့်ဘာသာကို ထပ်သွင်းထားတာပါ။ ဒါကြောင့်များလားပေါ့။ google မှာရှာကြည့်တော့မှ samsaung သမားတွေလည်း ဖြစ်တာကိုတွေ့တယ်ခင်ဗျ။ ကျွန်တော့်ဘော်ဒါတွေလည်း ကြုံလာရင် ဖြေရှင်းလို့ရအောင်လို့ နည်းလမ်းပေးလိုက်ပါတယ်။

အရင်ဆုံး ဖုန်းက root access ရှိရပါမယ်။ root မဖောက်ထားရင် မရပါဘူး။
နောက်တစ်ခုက root explorer လိုပါမယ်။ root explorer ကို အောက်မှာ ဒေါင်းဖို့ ပေးထားပါတယ်။
ကဲ ... အရင်ဆုံး root explorer ကို ဒေါင်းပြီး install လုပ်ပါ။
ပြီးရင် ဖွင့်လိုက်ပြီးတော့ etc ဆိုတဲ့ ဖိုလ်ဒါလေးကို ရှာပြီး ဖွင့်လိုက်ပါ။

အထဲမှာ host ဆိုတဲ့ဖိုင်ကို ရှာပါ။ တွေ့ရင် box လေးတက်လာတဲ့အထိ ဖိထားပါ။

box တက်လာရင် open in text editor ကို နှိပ်ပါ။
edit လုပ်ဖို့ read-write ကို ပြောင်းမလားလို့ မေးတာပါ။ Yes ကို နှိပ်ပါ။

ဒီလိုလေးတက်လာပါမယ်။ ဒီနေရာမှာတော့ ကျွန်တော်ဝိုင်းပြထားတဲ့ နေရာလေးကို ကြည့်ပါ။ android.clients.google.com mtalk.google.com ကိုတွေ့မှာပါ။ အရှေ့က ဂဏန်းတွေကတော့ တူချင်မှ တူပါလိမ့်မယ်။
အာ့စာကြောင်းရဲ့ အရှေ့မှာ '#' လေးထည့်ပေးပါ။

အောက်ကပုံလိုဖြစ်သွားပါမယ်။

menu ကနေ Save and Exit နဲ့ ထွက်ပါ။

ပြီးရင် တော့ ဖုန်းကို reboot ချပေးပါ။
ဒါဆိုရင်တော့ google account တွေကို အောင်မြင်စွာ ဝင်လို့ရပါပြီခင်ဗျာ။
Root Explorer download
         HEIN MYNN
***JUST SH@RING***