Play Games

Shortcut Virus ကြောင့် Hidden ဖြစ်သွားတဲ့ ဖိုင်တွေကို ပြန်ဖော်ကြမယ်။

Shortcut Virus: တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီ virus ဝင်သွားရင် memory stick, thumb drive, memory card တွေမှာ မူရင်းဖိုင်တွေပျောက်ပြီး shortcut လေးတွေ ပေါ်လာပါတယ်။ မူရင်းဖိုင်တွေကိုတော့ virus က system ဖိုင်အနေနဲ့ အသွင်ပြောင်းလိုက်တာကြောင့် မမြင်ရတော့တာပါ။ antivirus နဲ့ သတ်ပြီးတာတောင်မှ file တွေက hidden ပဲ ဖြစ်နေတတ်ပါတယ်။
ဒီပြဿနာကို Smadav ဆိုတဲ့ USB antivirus လေးက ကောင်းကောင်းဖြေရှင်းပေးမှာပါ။
USB antivirus ဆိုတဲ့အတိုင်း Hidden ပဲ ပြန်ဖော်ပေးမှာမဟုတ်ပဲ virus ပါ တစ်ခါတည်း သတ်ပေးမှာပါ။
virus ဝင်နေတဲ့ memory stick လေးကို တပ်လိုက်တာနဲ့ တစ်ခါတည်း scan ဖတ်ပေးမှာပါ။ ဒါကတော့ တစ်ခြား antivirus တွေလိုပဲ ဆိုတော့ အသေးစိတ် မပြောတော့ဘူးနော်။
virus မရှိတော့ပဲ hidden file တွေပဲ ပြန်ဖော်ချင်ရင်လည်း ရပါတယ်။
အောက်ကပုံလေးကို ကြည့်ကြည့်ပါ။
အပေါ်ကပုံလေးအတိုင်းပါပဲ။ ကိုယ် scan ဖတ်မယ့် drive ကို ရွေး scan ကိုနှိပ်။ ပြီးရင် hidden file ရှိရင် Hidden ဆိုတဲ့ tab လေးရဲ့ ဘေးမှာ hidden file အရေအတွက် ပေါ်လာပါမယ်။ ပြီးရင် Hidden ဆိုတဲ့ tab ကို နှိပ်ပါ။ unhide all ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင် ပျောက်နေတဲ့ ဖိုင်လေးတွေ အကုန်ပြန်ပေါ်လာပါလိမ့်မယ်။ ကျွန်တော့်ပုံမှာတော့ hidden ဖိုင်မရှိလို့ ဘာမှ မပေါ်တာပါ။
အောက်မှာ ဒေါင်းပြီးယူလိုက်ပါနော်။
အဆင်ပြေကြပါစေဗျာ။
တစ်လက်စတည်းမို့လို့ software မလိုပဲ hidden ပြန်ဖော်တဲ့နည်းလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။
         HEIN MYNN
***JUST SH@RING***