Play Games

Glass Skin Pack For Window 7

တစ်နေ့ တစ်နေ့ ဒီ Desktop ကြီးပဲ ကြည့်ရတာ ငြီးငွေ့လာတဲ့လူတွေအတွက် skin pack လေးတစ်ခု ပေးမယ်ဗျာ။ Glass Skin Pack ဆိုတဲ့ နာမည်အတိုင်း ကိုယ့်ရဲ့ desktop တစ်ခုလုံးကို ဖန်သားပြင်လို အကြည်လေးတွေ ပြောင်းသွားမှာပါ။ အောက်မှာ screenshot လေးတွေ ကြည့်ကြည့်ပါခင်ဗျာ။ အရမ်းကြိုက်သွားမှာပါ။

ကဲ ကြိုက်သွားပြီမလား။ ဒါဆိုရင်တော့ ဒီ skin pack လေးကို သူ့ရဲ့ feature အပြည့်ရအောင် ဘယ်လိုသွင်းရမလဲဆိုတာ နည်းနည်းပြောပြပါမယ်။
အရင်ဆုံး အောက်မှာပေးထားတဲ့ Universal Theme Patcher ဆိုတာလေးကို ကိုယ့် version နဲ့ ကိုက်တာလေး ရွေးပြီး run ပါ။ Patch ဆိုပြီး သုံးခု ပေါ်လာပါလိမ့်မယ်။ သုံးခုလုံး နှိပ်ပလိုက်။ ရှုပ်လို့.... :P ။
(ဟိုးအရင်က run ထားဖူးရင်တော့ Patch ဆိုတာလေးတွေက မှိန်နေပါလိမ့်မယ်။ ဒါဆိုရင်တော့ ပြန်ပိတ်လိုက်ပါ။)
ပြီးရင်တော့ Glass Skin Pack ဆိုတာလေးကို 32bit သမားတွေက For 32bit ကို ရွေးပြီး install လုပ်ပါ။
64 bit သမားတွေကတော့ For 64 bit ကို ရွေးပြီး install လုပ်ပါ။
ပြီးရင်တော့ reboot ကျသွားပါလိမ့်မယ်။ မကျလည်း ချပေးလိုက်ပါ။ :D
 ပြန်တက်လာရင်တော့ အပေါ်မှာ ပြထားတဲ့အတိုင်း desktop လေးက အလန်းဇယားလေး ဖြစ်သွားမှာပါ။
Universal Theme Patcher Download
For 32 bit
For 64bit


Glass Skin Pack Download
For 32 bit
For 64 bit


         HEIN MYNN
***Sharing is our Aim***