Play Games

အအိပ်ကြီးသူများအတွက် ထူးရှယ် Alarm (for android)

Alarm အကြောင်း မပြောခင် ကျွန်တော့်အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။ ကျွန်တော်ဟာ ညဆိုရင် မအိပ်ပဲ ဘယ်အချိန်ထိဖြစ်ဖြစ် နေနိုင်ပါတယ်။ နောက်ဆုံး တစ်ညလုံး လုံးဝမအိပ်တဲ့ညတွေလည်း အများကြီးပါပဲ။ အဲ....အိပ်ပြီဆိုရင်လည်း ပြန်မထချင်ပါဘူး။ အပျင်းကြီးတာပါ။ မနက်ကိုးနာရီ ကျောင်းတက်ဖို့အတွက် alarm ကို ရ နာရီပေးထားပါတယ်။ ရ နာရီ Alarm မြည်ပြီဆိုရင် snooze ၃ ခါလောက် လုပ်ပါတယ်။ ချက်ချင်း မထပါဘူး။ ပြီးရင် လုံးဝပိတ်ပစ်ပြီး ဆက်အိပ်ပါတယ်။ ၉ နာရီတက်ရတဲ့ ကျောင်းကို အမြဲတမ်း နေ့လည် ၁၂ နာရီမှ ရောက်ပါတယ်။ နောက်ဆုံး ဒီ alarm လေးတွေ့တော့မှပဲ အဆင်ပြေတော့တယ်။ တစ်ခါတည်း မျက်လုံးကို ပြူးကျယ်သွားတော့တာပဲ။ လေဖောတာလည်း များသွားပြီ။ Alarm အကြောင်း စပြောပါတော့မယ်။
နာမည်က Alarm Puzzle Clock တဲ့ခင်ဗျ။

မနက် alarm မြည်လို့ အိပ်မှုန်စုံမွှားနဲ့ ပိတ်ပစ်မယ်တော့ မစဉ်းစားနဲ့။ ခေါင်းပါပူထွက်သွားမယ့် puzzle တွေက အသင့်စောင့်ကြိုနေမှာပါ။ puzzle ကို မှန်အောင် ဖြည်ပြီးမှ alarm ကို ပိတ်လို့ ရမှာပါ။ alarm လည်း ပိတ်ပြီးရော မျက်လုံးလည်း ပြူးကျယ်နေရော..... လုပ်ထားတဲ့ စိတ်ကူးလေးက အရမ်းကောင်းပါတယ်။ Alarm တင်မကပါဘူး။ Stopwatch လည်းပါတယ်။ Timer လည်း ပါပါတယ်။
အော်.... တစ်ခုတော့ သတိပေးရဦးမယ်။ Alarm Ringtone ကို default တော့ မထားနဲ့နော်။ ပြောင်းထားလိုက်ပါ။ တော်ကြာ တစ်ရပ်ကွက်လုံး လန့်နိုးကုန်မှာစိုးလို့...... :D
အောက်မှာ screenshot လေးတွေ ကြည့်ကြည့်ပါဦးခင်ဗျ။ ကြိုက်တယ်ဆိုရင်တော့ တစ်ခါတည်းသာ ဒေါင်းသွားလိုက်တော့......... :D
Screenshots




 HEIN MYNN
***JUST SH@RING***