Play Games

Navigator သို့မဟုတ် Offline GPS (Android)

ကျွန်တော်တို့ဖုန်းတွေမှာ google map တို့ baidu map တို့ ဘာ map ညာ map အစရှိသဖြင့်ပေါ့ဗျာ... တည်နေရာကြည့်လို့ရတဲ့ software တွေ သုံးဖူးကြမှာပါ။ အခုပေးမှာလေးကတော့ Navigator လို့ ခေါ်သဗျာ။ သူ့မှာ ထူးခြားတာက သူ့ကိုသုံးဖို့ internet connection မလိုပဲ offline သုံးလို့ရသဗျ။
အဲ... တစ်ခုတော့ ရှိတာပေါ့... မြေပုံတော့ ဒေါင်းလုဒ်ဆွဲထားဖို့ လိုပါမယ်။ 80 MB လောက် ဒေါင်းလုဒ်ဆွဲရမှာဆိုတော့ မြန်မာနိုင်ငံရဲ့ အင်တာနက်ကော်နက်ရှင်နဲ့ကတော့ စဉ်းစားရမယ့်အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကြိုးစားပြီး ဒေါင်းလုဒ်ဆွဲကြည့်စေချင်တယ်။ တစ်ခါဆွဲထားရင် တစ်သက်လုံး သုံးပေတော့ပဲ။
မြေပုံ ဘယ်လိုဒေါင်းရမလဲဆိုတာကို ကျွန်တော်ပုံလေးတွေနဲ့ ပြပေးပါ့မယ်။ လွယ်တာတော့ လွယ်ပါတယ်။
Navigator Free ဆိုတာကို နှိပ်ပါ။ မြေပုံမရှိတဲ့အတွက် ဒေါင်းလုဒ်ဆွဲပါ ဘာညာပေါ့ ပြောရင် OK ကိုသာနှိပ်ပေးပါ။ အောက်ကပုံလို ပေါ်လာပါမယ်။
Asia ကို ရွေးလိုက်ပါ။
အောက်နားကို ဆင်းပြီး Union of Myanmar ဆိုတာကို ရှာပြီး အမှန်ခြစ်ပေးပါ။ Download now ကိုနှိပ်ပါ။ Download ဆွဲတာကို စောင့်ပေးပါ။ 80 MB ကျော်တော့ ကော်နက်ရှင်ပေါ်မူတည်ပြီး အချိန်တော့ စောင့်ရပါမယ်။ ဒါပေမယ့် တစ်ခါဆွဲထားရင် မဖျက်မချင်းသုံးလို့ရမှာဆိုတော့ တန်ပါတယ်။
ပြီးသွားရင် အောက်ကပုံလိုမျိုး တွေ့ပါမယ်။
ဒါဆိုရင်တော့ offline GPS လေး ရပါပြီ။ ကလိကြည့်ကြပါဦး။
         HEIN MYNN
***JUST SH@RING***