Play Games

Facebook Block System

Social Network ဆိုတဲ့အတိုင်း facebook ပေါ်မှာ လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ရမှာပါ။ သူတစ်ပါးကို ကိုယ်ချင်းမစာ၊ ကိုယ့်အတွက်သာ ကြည့်ပြီး လုပ်ချင်ရာ လုပ်နေတဲ့လူတွေကို ကြုံလာတဲ့အခါ အတော်ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒီ့အတွက် facebook က Block System ကို အကောင်းဆုံး ဖန်တီးပေးထားပါတယ်။
Block Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က မျှားအောက်စိုက်နေတာလေးကိုနှိပ်ပြီး settings >>> Blocking ကနေသွားနိုင်ပါတယ်။
1.Restricted List
ဒါလေးက တော်တော်လေးအသုံးဝင်မှာပါ။ တခါတလေ unfriend လည်း လုပ်ချင်တယ်။ ဒါပေမယ့် လုပ်ပစ်ဖို့ကလည်း မကောင်း။ ဒီလိုမျိုး ကြုံလာပြီဆိုရင်တော့ ဒီလူကို restricted list ထဲသာထည့်ထားလိုက်ပေတော့။ ဒါဆို ဒီလူက ကိုယ့်ရဲ့ friend list ထဲမှာသာ ရှိနေမယ်။ ကိုယ်က friend only နဲ့ တင်တဲ့ပို့စ်တွေကို မြင်နိုင်မှာ မဟုတ်တော့ပါဘူး။ Public နဲ့တင်တဲ့ပို့စ်တွေပဲ ကြည့်လို့ရပါလိမ့်မယ်။

2. Block users
ဒါကတော့ သိကြမှာပါ။ ကိုယ် အမြင်ကတ်တဲ့လူ၊ ကြည့်မရတဲ့လူ၊ ပြီးတော့ ကိုယ့်ကို မမြင်စေချင်တော့တဲ့လူ ဒီလူရဲ့ facebook name ဒါမှ မဟုတ် email ကို ရိုက်ထည့်ပြီး block လုပ်ထားလို့ရပါတယ်။ ကိုယ် block လုပ်ထားတဲ့ လူစာရင်းကိုလည်း ဒီမှာ ပြပေးပါလိမ့်မယ်။ unblock လုပ်ချင်တဲ့အခါမျိုးမှာ ဒီနေရာကနေ ပြန်လုပ်ပေးရပါမယ်။

3. Block app invites
တကယ်ကို အသုံးဝင်တဲ့ feature လေးပါ။ Game request တွေ ခဏခဏပို့တဲ့လူမျိုး ကြုံဖူးမလားမသိဘူး။ ဒီလူရဲ့ နာမည်သာ ဒီထဲမှာ ရိုက်ထည့်ထားလိုက်။ သူ့ဆီက game request/ app request တွေ လုံးဝမလာတော့ပါဘူး။ ( ကျွန်တော်ကတော့ ဘာမှမေးမနေတော့ဘူး။ တစ်ခါတည်း unfriend လုပ်ပလိုက်တာပဲ.... ဤကား စကားချပ်။)

4. Block event invites
ဒါကတော့ အသုံးနည်းမယ်ထင်ပါတယ်။ event လုပ်တဲ့လူကလည်း သိပ်မရှိကြဘူးလေ။ event invite တွေ ခဏခဏ ပို့တဲ့လူရဲ့ နာမည်ကို ရိုက်ထည့်ပြီး block လုပ်ထားလို့ရပါတယ်။

5. Block apps
အပေါ်မှာ game request ပို့တဲ့လူကို block လုပ်တာ ပြောခဲ့ပါတယ်။ ဒါကတော့ game/ app ကို block လုပ်တာပါ။ ဥပမာ game တစ်ခုတည်းကိုပဲ request တွေ အများကြီးလာနေတယ်။ ပို့တဲ့လူကလည်း တစ်ယောက်တည်းမဟုတ်ဘူး။ ဒါဆိုရင် ဒီ game ရဲ့ နာမည်ကို ရိုက်ထည့်ပြီး block လုပ်ထားလို့ရပါတယ်။

ဒီလောက်ဆိုရင်တော့ facebook ပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ အတော်လေးတော့ နည်းသွားမယ်ထင်ပါတယ်။
အားလုံး ပျော်ရွှင်ကြပါစေ....
         HEIN MYNN
***JUST SH@RING***
Facebook Privacy Setting အကြောင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။