Play Games

Reset Window Password with Hiren's Boot CD. (Window Xp, Vista, 7, 8, 8.1)

Window password မေ့သွားတာမျိုး ဖြစ်ဖူးကြလားတော့မသိဘူး။ window password မေ့သွားတဲ့အခါမျိုးမှာ ပထမဆုံးစဉ်းစားမိမှာကတော့ window ပြန်တင်ဖို့ပဲဖြစ်မယ်ထင်တယ်။
ဒီအခါမှာ အရေးကြီးတဲ့ data တွေ backup လုပ်မထားမိဘူးဆိုရင်တော့ အတော်ကို ဦးနှောက်ခြောက်ရမှာပါ။
အခုပြောမှာကတော့ window password မေ့သွားတဲ့အခါမှာ window ပြန်တင်စရာမလိုပဲ Hiren's Boot CD တစ်ချပ်ရှိရုံနဲ့ password reset ပြန်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းပါ။
၁။ ပထမဆုံး Hiren's Boot zip ဖိုင်ကို ဒီမှာဒေါင်းပါ 500 MB ကျော်လောက်တော့ရှိမယ်ထင်တယ်။ (မြန်မာနိုင်ငံ connection နဲ့ဆိုရင်တော့ သိပ်မလွယ်ဘူးခင်ဗျ။ အခွေဆိုင်တွေမှာ Hiren's Boot CD လို့ပြောဝယ်တာ ပိုမြန်မယ်ထင်တယ်။ :D ဤကား စကားချပ်။ )
၂။ ဒေါင်းပြီးရင်တော့ CD burn ထားလိုက်ပါ။ (CD burn နည်းသိချင်ရင်တော့ဒီမှာဖတ်ပါ။)
၃။ အားလုံးပြီးပြီဆိုရင်တော့ အခွေထည့်ပြီး restart ချလိုက်ပါ။
Boot sequence ပြောင်းဖို့ F2 ဒါမှမဟုတ် F12 နှိပ်ပြီး ကိုယ့်ရဲ့ CD/ DVD drive ကိုရွေးပေးပါ။
၄။ Hiren's Boot CD နဲ့ Boot တက်လာပြီဆိုရင် အောက်ကပုံလိုမျိုး တွေ့ရပါမယ်။
၅။ Mini Windows Xp ကိုရွေးပေးပါ။
၆။ Window Xp logo လေး တက်လာပါမယ်။
၇။ HBCD Menu ကို double click နှိပ်ပါမယ်။
၈။ Programs >>> Passwords/ Keys >>> Windows login >>> NTPWEdit (Reset Xp, Vista, 7 User Password ) ကို အဆင့်ဆင့်သွားပါ။
၉။ Path to SAM file မှာ window တင်ထားတဲ့ partition ကိုရွေးပေးပါ။ D မှာ တင်ထားရင် C နေရာမှာ D ပြောင်းပေးပါ။ ကျွန်တော်က C မှာတင်ထားတာဆိုတော့ Reopen မပြင်တော့ပဲ Reopen ကို နှိပ်လိုက်ပါတယ်။
၁၀။ ဒါဆို အောက်မှာ အကောင့်တွေပေါ်လာပါပြီ။
၁၁။ ကိုယ်ပြင်ချင်တဲ့ အကောင့်ကို select မှတ်ပြီး Change password ကို နှိပ်ပါ။ Password ဖြုတ်မယ်ဆိုရင် Blank ပဲ ထားခဲ့ပါ။ ဒါမှမဟုတ် password အသစ်ထည့်ရိုက်နိုင်ပါတယ်။
Restart ပြန်ချလိုက်မယ်ဆိုရင် window password ကို အောင်မြင်စွာ Reset ချပြီးတာကို တွေ့မှာပါ။
အောက်မှာ ကျွန်တော့်ဆရာ AC vs DC ဖန်တီးထားတဲ့ Tutorial Video လေးကို ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=KyjOklb__CU

         HEIN MYNN
***JUST SH@RING***