Play Games

facebook က ပုံတွေကို အတု အစစ် ခွဲမယ်။

အခုနောက်ပိုင်း facebook လို social network တွေမှာ ဓါတ်ပုံတွေကို လုပ်ကြံဖန်တီးပြီးတော့ သတင်းအတုတွေ ဖန်တီးနေတာမျိုးတွေ၊ Photoshop နဲ့ ပြင်ပြီး သူတစ်ပါးသိက္ခာကျအောင် ဖန်တီးတာမျိုးတွေ တွေ့နေရပါတယ်။ ဒီတော့ ဓါတ်ပုံတစ်ပုံရဲ့ source အမှန်က ဘယ်ကလဲ ဆိုတာသိအောင် ဘယ်လိုလုပ်ကြမလဲ။
နည်းလမ်းသိရင် လွယ်လွယ်လေးပါ။ တော်တော်များများလည်း သိပြီးဖြစ်မှာပါ။ မသိသေးတဲ့လူတွေအတွက်ပါ။

  • အရင်ဆုံး ကိုယ်စစ်ချင်တဲ့ ပုံကို save လုပ်ပါ။
  • http://images.google.com ကိုသွားပါ။
  • search box ရဲ့ ညာဖက်ထောင့်မှာ camera ပုံလေးကို နှိပ်လိုက်ပါ။


  • အောက်ကပုံလေးအတိုင်း တွေ့ရမှာပါ။ upload an image ကိုနှိပ်ပါ။

  • ကိုယ်စစ်ချင်တဲ့ ပုံကိုရွေးပြီး Search by image ကိုနှိပ်ပါ။ 
  • ဒါဆိုရင် ဒီပုံနဲ့ အလားတူပုံမျိုးတွေ ထွက်လာမှာပါ။ ဒါဆိုရင် ဒီပုံက ဘယ်ကနေ ယူထားတာလဲဆိုတာ သိပါပြီ။ 

အဆင်ပြေကြပါစေ....
         HEIN MYNN
***JUST SH@RING***