Play Games

Video တွေကို ဖြတ်မလား၊ ဆက်မလား၊ ခွဲမလား (3 in 1 Video Editor)

ဒီရက်ပိုင်း ကျန်းမာရေးမကောင်းတာကြောင့် စာမရေးဖြစ်ဘူးဗျာ။ မြန်မာနိုင်ငံရဲ့ အင်တာနက်ကော်နက်ရှင်ကလည်း သိတဲ့အတိုင်းပဲလေ။ ညအချိန်မတော်မှ ကောင်းတတ်တာဆိုတော့ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ ကဲ...ကဲ.. ထားပါတော့လေ။
အခု ကျွန်တော့် ဘော်ဒါတွေကို မိတ်ဆက်ပေးချင်တာက Xilisoft Video Editor တဲ့ဗျာ။


Video ဖိုင်တွေကို ဆက်ချင်တာလား(Join)။ အပိုင်းအပိုင်းလေးတွေ ခွဲထုတ်ချင်တာလား(Split)။ ဒါမှမဟုတ် မလိုတဲ့အပိုင်းတွေကို ဖြတ်ပစ်မှာလား(Cut)။ တစ်ခုတည်းနဲ့ သုံးမျိုးလုပ်လို့ရတော့ 3 in 1 ပေါ့ဗျာ။
လုပ်ရတာကလည်း လွယ်လွယ်လေးဆိုတော့ မရှင်းပြတော့ဘူးနော်။
အော်....တစ်ခုပဲ။ full version ဖြစ်အောင် crack ဆိုတဲ့ folder ထဲက ဖိုင်လေးကို Install လုပ်ထားတဲ့အထဲ သွားထည့်ပြီးရင် run ကြည့်လိုက်ပါ။ full version မဖြစ်သေးပါဘူး။ register ဆိုတာကို နှိပ်ပါ။ Name နေရာမှာ ကြိုက်တာထည့်ပါ။ License Code နေရာမှာ ကြိုက်တာထည့်ပါ။ ပြီးရင်တော့ register ဆိုတာလေးကို နှိပ်ပါ။ full version ဖြစ်သွားပါပြီ။ အဆင်ပြေကြပါစေ။

         HEIN MYNN
***JUST SH@RING***