Play Games

Facebook Interest List သို့မဟုတ် Like လုပ်ထားသော Facebook Page များကို စီမံခန့်ခွဲခြင်း

မနက်ဖြန် သီတင်းကျွတ်ပြီဗျာ။ ကျွန်တော့်ဘော်ဒါတွေကို သီတင်းကျွတ်လက်ဆောင် ဘာပေးရင်် ကောင်းမလဲလို့ စဉ်းစားလိုက်တော့ ကိုယ်မတောက်တခေါက် သိထားတဲ့ နည်းပညာအကြောင်းလေးပဲ ဝါကျွတ်လက်ဆောင်အဖြစ်ပေးလိုက်ပါတယ်။

Facebook ရဲ့ အသစ်ပြောင်းလဲထားတဲ့ policy အရ ကျွန်တော်တို့ facebook မှာ fan pages တွေကို like လုပ်ထားတဲ့အခါ ကိုယ့်ရဲ့ Newsfeed မှာ ပေါ်တာရှိသလို မပေါ်တာလည်း ရှိပါတယ်။ ကိုယ်က ဒီ page က တင်သမျှကို ပေါ်စေချင်ရင် Get Notification လုပ်ထားရပါတယ်။ page တစ်ခု နှစ်ခုဆိုရင် ပြဿနာမရှိပါဘူး။ Get Notification လေး လုပ်ထားရင် တင်သမျှ ကိုယ့်ရဲ့ Notification မှာ ပြပေးမှာပါ။ page တွေ များလာပြီ ဆိုပါတော့။ Get Notification လုပ်လို့ အဆင်မပြေတော့ပါဘူး။ ဒီလိုမျိုးအခါမှာ အခုပြောမယ့် နည်းလေးက အဆင်ပြေမှာပါ။ တော်တော်များများလည်း သိပြီးသားဖြစ်နေမှာပါ။ မသိသေးတဲ့လူတွေအတွက်ပါ။ ပိုပြီးအဆင်ပြေအောင် ပုံလေးတွေနဲ့ ပြပေးသွားပါ့မယ်။

အရင်ဆုံး Interest list ထဲထည့်မယ့် page ကို သွားပါ။ 
Like ဆိုတဲ့ button လေးပေါ်ကို mouse လေးတင်လိုက်ပါ။ box လေးတစ်ခု ကျလာပါလိမ့်မယ်။ 
Add to Interest Lists ကို နှိပ်ပါ။
+New List... ကို ဆက်နှိပ်ပါ။
ဒါဆိုရင် အောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ်။ 

ဒီအဆင့်မှာ ကိုယ်ထည့်ချင်တဲ့ pages တွေ friends တွေကို ရွေးပြီး ထည့်ပေးရမှာပါ။ ပုံမှာပြထားတဲ့အတိုင်း Pages, Following, Friends ကနေ ကိုုယ် Lists ထဲထည့်ချင်တာကို ရွေးပြီး Next ကို နှိပ်ပါ။
ပြီးရင်တော့ နာမည်ပေးရမှာပါ။ 
1=ကြိုက်တဲ့နာမည်တစ်ခုပေးပါ။
2= ဒီ List ကို ဘယ်သူတွေ မြင်ရမှာလဲ ရွေးပေးရမှာပါ။ 
      Public- အကုန်မြင်ရပါမယ်။
      Friends- ကိုယ့်ရဲ့သူငယ်ချင်းတွေပဲ မြင်ရမှာပါ။
      Only Me- ကိုယ်တစ်ယောက်ပဲ မြင်ရမှာပါ။

ပြီးရင်တော့ Done ကို နှိပ်ပါ။ 
Interest List တစ်ခု အောင်မြင်စွာ ဖန်တီးလို့ ပြီးပါပြီ။ 
Interests ဆိုတဲ့အောက်မှာ ကိုယ်ဖန်တီးထားတဲ့ list ကို တွေ့ရမှာပါ။ 
နောက်ဆုံးအနေနဲ့ favorites ထဲထည့်ထားပါမယ်။ ဒါမှ အပေါ်မှာ အမြဲတမ်းမြင်ရမှာပါ။ ပုံမှာပြထားတဲ့အတိုင်း Add to Favorites ဆိုတာကို နှိပ်ပါ။ 
ဒါဆိုရင်တော့ ကျွန်တော်တို့ ဖန်တီးထားတဲ့ list လေးကို ဒီလိုလေး ခန့်ခန့်ညားညား ဝင့်ဝင့်ထည်ထည်လေး တွေ့ရမှာပါ။ 
ဒီနည်းလေးကို သုံးပြီးတော့ ကိုယ် Like လုပ်ထားတဲ့ page လေးတွေကို အမျိုးအစား တူရာတူရာ (သီချင်း၊ ဟာသ၊ အိုင်တီ အစရှိသဖြင့်) စုစည်းထားမယ်ဆိုရင် ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီပို့စ်လေးဖြင့် ကန်တော့လိုက်ပါတယ်ခင်ဗျာ။
         HEIN MYNN
***JUST SH@RING***