တစ်နေ့သ၌ ကျွန်ုပ်သည် ပျင်းပျင်းရှိသည်နှင့် ထုံးစံအတိုင်း အင်တာနက်ဟု ခေါ်သော လိုချင်တာမှန်သမျှ ရှာလို့ရသော သိချင်တာမှန်သမျှ မေးလို့ရသော အနှီအရာကြီးပေါ်ဝယ် ကြုံသလို လမ်းသလားနေရင်း အတွေးတစ်ခု ဝင်လာခဲ့တော့သည်။ ထိုအတွေးကား အခြားမဟုတ်ပေ။ ကျွန်ုပ် ယခုသုံးနေသော ကွန်ပူတာအစုတ်လေး၏ window explorer အား browser များကဲ့သို့ tab များဖွင့်၍ သုံးနိုင်က ကောင်းပေအံ့ဟု စိတ်ကူးမိခြင်းပင်။
ကျွန်ုပ်ကိုယ်တိုင်လည်း ပရိုဂရမ်ဟူ၍ နကန်းတစ်လုံးမှ မရေးတတ်ပေရကား အပူကပ်နေကျ google ဟူသော ဆရာသမားအား မေးမြန်းရပေတော့သည်။ ကျွန်ုပ်ဆရာ google သည်ကား အလွန်တရာ တော်ပေသည်။ ကျွန်ုပ် စိတ်ကူးအား အကောင်အထည်ဖော်ပေးမည့် ဆော့စ်ဝဲသုံးလေးမျိုးလောက်အား ဒေါင်းလုဒ်လင့်ခ်နှင့်တကွ ကျွန်ုပ်အား ပေးလေသည်။ ထိုအထဲမှ သုံးလို့ကောင်းမည့် ဆော့ဝဲလေးတစ်ခုအား ကျွန်ုပ်ရွေးချယ်လိုက်ပေသည်။ အမည်သညာ ခေါ်စရာကား Clover ဟူသတည်း။
ထို Clover အမည်တွင်သော အရာကား ဖိုင်ပမာဏသည်လည်း 2 Mb လောက်သာ ရှိသောကြောင့် မြန်မာနိုင်ငံတွင်နေသော ကျွန်ုပ်အဖို့ အလွယ်တကူပင် ဒေါင်းလုဒ်ပြုလုပ်နိုင်ခဲ့သည်သာမက သုံးရသည်မှာလည်း အဆင်ပြေ လွယ်ကူလှပေသည်။ ကျွန်ုပ် စိတ်ကူးအတိုင်း mouse wheel အားနှိပ်၍ tab တစ်ခု အလွယ်တကူ ဖွင့်နိုင်ရုံသာမက browser များကဲ့သို့ bookmark ပါ ထည့်နိုင်သည့်အတွက် ကျွန်ုပ်၏ ဝမ်းမြောက်မှုကား ဆိုဖွယ်ရာ မရှိတော့ပေ။ အောက်တွင် ပုံနှင့်တကွ ကျွန်ုပ် ကြွားလိုက်ပေသည်။ ပုံကို ရှုစားကြပါကုန်။
ပုံမှန်အတိုင်း ရေးရတာ ပျင်းလာလို့ အရူးထကြည့်တာ....ဟီး။ ဆက်မရေးတတ်တော့ဘူး။ လိုချင်ရင် အောက်မှာသာ ယူကြတော့။ :D
shortcut လေးတွေက browser တွေနဲ့ အတူတူပဲဆိုပေမယ့် ရေးတော့ ရေးပေးလိုက်ဦးမယ်နော်။
Ctrl+T >>> open new tab (My Computer)
Ctrl+W >>> close current tab
Ctrl+Tab >>> to switch the tab
Ctrl+D >>> bookmark the current tab
HEIN MYNN
***JUST SH@RING***