Play Games

Facebook Chat မှာ auto reply ပြန်အောင် လုပ်နည်း (im+pro.apk)

ဒီနည်းကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဦးဦးအိုင်တီမုဆိုး ကို credit ပေးပါတယ်။ :D
facebook မှာ ကိုယ် online မရှိတဲ့အချိန် ဝင်လာတဲ့ message တွေကို အလိုအလျောက် reply ပြန်အောင် လုပ်ပေးမှာပါ။
ပထမဆုံး အောက်မှာပေးထားတဲ့ im+pro ဆိုတဲ့ apk ဖိုင်လေးကို download လုပ်ပါ။
ရှိပြီးသားဆိုရင်တော့ လုပ်စရာမလိုဘူးပေါ့ဗျာ။ တော်တော်များများက ရှိပြီးသားဖြစ်မှာပါ။
download လုပ်ပြီးပြီဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာ install လုပ်ပြီး ဖွင့်လိုက်ပါ။အောက်ကပုံလေးလိုတွေ့ပါလိမ့်မယ်။ facebook ကိုနှိပ်ပါ။
login ကို နှိပ်ပါ။
ကိုယ့်ရဲ့ facebook account နဲ့ password ကို ဖြည့်ပြီး login ကို နှိပ်ပါ။
ပေါ်လာသမျှ OK ကို နှိပ်ပါ။
နောက်ဆုံး အောက်ကပုံလိုပေါ်လာရင် menu key ကို နှိပ်ပြီး setting ထဲဝင်ပါ။
Push Settings ထဲ ဝင်ပါ။
Autoreply ကို အမှန်ခြစ်ပြီး အောက်က Message ကို နှိပ်ပါ။
ကိုယ် reply ပြန်စေချင်တဲ့ Message ကို ရေးပါ။
အားလုံးပြီးသွားရင်တော့ ကိုယ့်အကောင့်က အမြဲတမ်း စိမ်းပြီး online ဖြစ်နေမှာပါ။ ကိုယ့်ဆီ Message ဝင်လာရင် ကိုယ်ရေးထားတဲ့ autoreply လေးကို တစ်ဖက်ကို ပြန်ပို့ပေးမှာပါ။
ပျော်ရွှင်ပါစေ။


         HEIN MYNN
***Just Sh@ring***