Play Games

Facebook ရဲ့ Privacy Settings အား တူးဆွခြင်း

မြန်မာနိုင်ငံမှာ facebook သုံးတဲ့လူအရေအတွက်ဟာ သိသိသာသာကို များပြားလာတာနဲ့အမျှ privacy ချိုးဖောက်မှုတွေဟာလည်း သိသိသာသာကို များလာပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ကိုယ်ကတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ အပျော်သဘောမျိုး ဓါတ်ပုံတွေတင်လိုက်တာပါပဲ။ ဒါပေမယ့် မသမာသူတွေကြောင့် ကိုယ့်ရဲ့ ဓါတ်ပုံတွေဟာ မရောက်သင့်တဲ့နေရာတွေ ရောက်ကုန်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ privacy ကို ဘယ်လိုကာကွယ်မလဲ။ အောက်ကအချက်တွေကို မဖတ်ခင် အရေးကြီးဆုံးအချက်တစ်ခုရှိပါတယ်။ဘာလဲဆိုရင် ကိုယ်နဲ့ ပြင်ပလောကမှာ တကယ်သိတဲ့လူတွေကိုပဲ သူငယ်ချင်းအဖြစ်လက်ခံဖို့ပါ။

Privacy Setting ကို သွားမယ်ဆိုရင် ညာဖက်အပေါ်ထောင့်က စက်သီးပုံလေးကိုနှိပ်ပြီး settings >>> Privacy ကနေသွားနိုင်ပါတယ်။ 

1. Who can see your future posts?
ဒါကတော့ ကိုယ်နောက်ပိုင်းမှာ တင်မယ့်ပို့စ်တွေကို ဘယ်သူတွေမြင်မလဲဆိုတာ ထိန်းတာပါ။ပြင်မယ်ဆိုရင်တော့ Edit ကို နှိပ်ပြီးပြင်နိုင်ပါတယ်။
Public, Friends, Only me, Custom ဆိုပြီး ရွေးချယ်စရာ လေးခုတွေ့မှာပါ။
Custom မှာမှ တစ်ယောက်ချင်းစီကို လိုက်ပိတ်ချင်ရင်လည်း ရပါသေးတယ်။ ကလိကြည့်ကြပေါ့။

2. Review all your posts and things you're tagged in
ဒါကတော့ အထွေအထူးမဟုတ်ပါဘူး။ ကိုယ်တင်ခဲ့သမျှ ပို့စ်တွေ၊ ကိုယ့်ကို tag ထားတဲ့ပို့စ်တွေကို ပြန်ကြည့်ချင်ရင် Use Activity Log ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

3. Limit the audience for posts you've shared with friends of friends or Public?
ဒါကတော့ အရင်တုန်းက Public or Friends of Friends နဲ့တင်ထားတဲ့ပို့စ်တွေ ဓါတ်ပုံတွေအကုန်လုံးကို click တစ်ချက်တည်းနဲ့ Friends only ကို ပြောင်းပေးတာပါ။ အရင်တုန်းက Public နဲ့တင်ထားတာတွေကို မသိတဲ့လူတွေကို မမြင်စေချင်တော့ဘူးဆိုရင် Limit Past Posts >>> Limit Old Posts >>> Confirm ဆိုရင် တင်ခဲ့သမျှ အကုန်လုံး Friends မဟုတ်တဲ့လူတွေ ဝင်ကြည့်လို့ရမှာ မဟုတ်တော့ပါဘူး။
သတိထားရမှာ တစ်ခုကတော့ အရင်အတိုင်း Public ပြန်ပြောင်းချင်ရင်တော့ ပို့စ်တစ်ခုချင်းစီမှာ ပြန်ပြောင်းမှပဲ ရပါမယ်။

4.  Who can send you friend requests? 
ကိုယ့်ကို ဘယ်သူတွေ friend request ပို့ခွင့်ပေးမလဲဆိုတာ ဆုံးဖြတ်တာပါ။
တစ်ချို့လူတွေဝင်ကြည့်လိုက်ရင် add friend မပါတာ ကြုံဖူးမယ်ထင်ပါတယ်။ ဒီနေရာကနေ ထိန်းထားတာပါ။
Edit ကိုနှိပ်လိုက်ရင် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။
Everyone ဆိုရင်တော့ ဘယ်သူမဆို ကိုယ့်ဆီကို friend requests ပို့လို့ရမှာပါ။
Friends of Friends ဆိုရင်တော့ ကိုယ့်သူငယ်ချင်းရဲ့ သူငယ်ချင်းတွေကပဲ ကိုယ့်ဆီကို friend request ပို့လို့ရပါမယ်။ လုံးဝမသိတဲ့လူက ကိုယ့် wall ကို ဝင်ကြည့်ရင် add friend ဆိုတဲ့ button ကို တွေ့မှာ မဟုတ်ပါဘူး။

5. Whose messages do I want filtered into my Inbox?
ကိုယ့်ဆီဝင်လာတဲ့ messages တွေကို စစ်ထုတ်တာပါ။
သူ့မှာလည်း ရွေးဖို့ နှစ်ခုရှိပါမယ်။
Basic Filtering ဆိုရင်တော့ ဝင်လာသမျှ messages တွေ အားလုံး inbox ထဲကို ရောက်ပါမယ်။
Strict Filtering ဆိုရင်တော့ ကိုယ့် friends တွေက ပို့တဲ့ message တွေပဲ inbox ထဲရောက်ပါမယ်။ ကိုယ်နဲ့မသိတဲ့လူက ပို့တာဆိုရင် Other ဆိုတဲ့အထဲကို ရောက်ပြီးတော့ Notification တက်မှာ မဟုတ်ပါဘူး။

6. Who can look you up using the email address you provided?
ဘယ်သူတွေက ကိုယ့်ရဲ့ email address နဲ့ ကိုယ့်ကို ရှာလို့ရမလဲဆိုတာ ကန့်သတ်ထားတာပါ။

7.Who can look you up using the phone number you provided?
ဒါကတော့ ကိုယ့်ထည့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ရှာတာပါ။

8.Do you want other search engines to link to your timeline?
ဒါကတော့ google, yahoo, bing အစရှိတဲ့ search engine တွေကနေ ကိုယ့်ကို ရှာရင် တွေ့မလား၊ မတွေ့ဖူးလား ထိန်းထားတာပါ။


         HEIN MYNN
***JUST SH@RING***